FREQUENTLY ASKED QUESTIONS

Frequently asked questions

Roadrunner အက်ပ်ပလီကေးရှင်းဆိုတာ ဘာလဲ?


နေ့စဉ်ပို့ဆောင်မှုပြုလုပ်ရာတွင် foodpanda rider တို့ အသုံးပြုရသည့်အက်ပ်ဖြစ်သည်။
ထိုအက်ပ်ပလီကေးရှင်းတွင် အလုပ်ချိန်များ ဘိုကင်ပြုလုပ်ခြင်း၊ မှာယူသူထံမှ အော်ဒါများကို လက်ခံခြင်း၊ မှာယူသူ၏ လိပ်စာနှင့် အော်ဒါသွားရောက်ယူဆောင်ရမည့်ဆိုင်၏လိပ်စာအား ကြည်ရှု့နိုင်ခြင်း၊ မိမိရဲ့လုပ်အားခငွေအသေးစိတ်အား ကြည်ရှု့နိုင်ခြင်း၊ အော်ဒါပို့ဆောင်စဉ်အတွင်း Dispatch နှင့် ဆက်သွယ်ပြောဆိုနိုင်ခြင်း၊ local team ၏အကူအညီအား Rider Support မှတဆင့် Ticket တင်၍ အကြောင်းကြားရယူနိုင်ခြင်း၊ မိမိရဲ့ Rider ID နှင့် ကိုယ်ရေးအချက်အလက်များအား ကြည့်ရှု့နိုင်ခြင်း စသဖြင့် လုပ်ဆောင်ချက်များအသုံးပြုနိုင်သည့် Rider တို့ အသဲုးပြုရမည့်အက်ပ်ပလီကေးရှင်းတစ်ခုဖြစ်သည်။




Roadrunner အက်ပ်ကို မည်သည့်နေရာတွင်ရယူပြီး မည်သည့်ဖုန်းတွင် ထည့်သွင်းအသုံးပြုနိုင်ပါသလဲ?


Roadrunner အက်ပ်အား ဖော်ပြပါလင့်မှတဆင့် ဒေါင်းလော့ပြုလုပ်ရယူပြီး Android ဗားရှင်း 4.2 နှင့်အထက် / iOs ဗားရှင်း 9.0 နှင့်အထက်ရှိသော Google Map ကောင်းမွန်စွာအသုံးပြုနိုင်သည့် ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ပါသည်။
အက်ပ်ပလီကေးရှင်းအားရယူရန်

  • Android ဖုန်းများအတွက် Download
  • iOs ဖုန်းများအတွက် Download
အက်ပ်ပလီကေးရှင်းအား အသုံးပြုရန် မိမိဖုန်း၏မိုဘိုင်းလ်ဒေတာနှင့် ဂျီပီအက်စ် (Gps)ဖွင့်ထားရန်လိုအပ်ပါသည်။




foodpanda ၏ local team ဘက်သို့ Roadrunner အက်ပ်မှ ဘယ်လိုဆက်သွယ်ရမလဲ?


Roadrunner အက်ပ်၏ ဘယ်ဘက်အပေါ်ဆုံးတွင်ရှိသော ၃ကြောင်းခြစ် Menu bar အားနှိပ်ပြီး Rider Support မှတဆင့် Ticket ပေးပို့၍ ဆက်သွယ်နိုင်ပါသည်။




အလုပ်ချိန်အတွင်း Roadrunner အက်ပ်မှတဆင့် ကြီးကြပ်ရေးမှူးများ (Dispatchers) ထံ မည်သို့ဆက်သွယ်နိုင်ပါသနည်း။


အလုပ်ချိန်အတွင်း အော်ဒါနှင့်ပတ်သက်ပြီးကိစ္စတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက ကြီးကြပ်ရေးမှူးများထံ ဖော်ပြပါနားကြပ်ပုံအားနှိပ်၍ ဆက်သွယ်အကူအညီတောင်းယူနိုင်ပါသည်။




ကျွန်တော်/ကျွန်မ၏ Roadrunner အကောင့် Password အား မည်သည့်နေရာတွင် ပြောင်းလဲနိုင်ပါသလဲ?


  • ပို့ဆောင်ရေးအက်ပ်အတွင်းရှိ ၃ကြောင်းခြစ် Menu bar မှတဆင့် My Profile ကိုဝင်ရောက်ပါ။
  • PASSWORD နေရာရှိ ခဲတံပုံကိုနှိပ်ပြီး မိမိနှစ်သက်ရာလျှို့ဝှက်နံပါတ်ကို ပြောင်းလဲနိုင်ပါတယ်။
လျှို့ဝှက်နံပါတ်တွင်
  1. စုစုပေါင်း (၈)လုံးအနည်းဆုံးပါဝင်ရပါမယ်။
  2. စာလုံးအကြီးနှင့်အသေး(၁)လုံးစီပါဝင်ရပါမယ်။
  3. ထူးဆန်းတဲ့ သင်္ကေတ(၁)ခုပါဝင်ရပါမယ်။
    ဥပမာ - #$@%!^*
နှစ်သက်ရာ လုံခြုံတဲ့လျှို့ဝှက်နံပါတ်ပြောင်းလဲပြီးပါက Submit ကိုနှိပ်ပါ။ အကောင့်ကို Log out ပြုလုပ်ပြီး အသစ်ပြောင်းလဲလိုက်သောလျှို့ဝှက်နံပါတ်နှင့် အကောင့်ပြန်လည်ဝင်ရောက်ကြည့်ပါ။ လျှို့ဝှက်နံပါတ်ပြောင်းလဲခြင်း ပြီးဆုံးပါပြီ!




ကျွန်တော်/ကျွန်မ၏အကောင့်သည် ဘာကြောင့် Shift ယူပြီး အလုပ်ဆင်းလို့မရဖြစ်နေပါသလဲ?


  • အလုပ်ချိန်အတွင်း အော်ဒါပယ်ဖျယ်မှု/လက်မခံမှုများပြုလုပ်ခြင်း
  • အလုပ်ချိန်အတွင်းရရှိထားသည့်ငွေများကို foodpanda Biller အကောင့်သို့ အချိန်မှီပြန်လည်အပ်နှံရန် နောက်ကျခြင်း/ပျက်ကွက်ခြင်း၊
  • Rider တို့လိုက်နာရမည့် စည်းကမ်းချက်နှင့်ထုတ်ပြန်ချက်များအား ဖောက်ဖျက်ထားခြင်းနှင့်
  • စာချုပ်သက်တမ်းကုန်ဆုံးသွားခြင်း စသည့်တို့ကြောင့် ဖြစ်နိုင်ပါတယ်။
အထက်ပါအကြောင်းအရာများနှင့်ပတ်သက်နေပါက ကျေးဇူးပြု၍ Rider Support မှတဆင့် မိမိ၏အထောက်အထား (Screenshot)နှင့်အတူ Ticket တစ်စောင် ပေးပို့ပြီး ဆက်သွယ်ပေးပါ။
အကြောင်းအရာကိစ္စအပေါ် Rider Support ဘက်မှစစ်ဆေးပြီး (၂၄နာရီ)အတွင်း အကြောင်းပြန်စာ ပြန်လည်ပေးပို့လာပါလိမ့်မည်။




Roadrunner အက်ပ်ကို မည်သည့်နေရာတွင် ရယူနိုင်ပါသလဲ?


Roadrunner အက်ပ်ပလီကေးရှင်းကို ဖော်ပြပါလင့်ခ်မှတဆင့် ဒေါင်းလုတ်ပြုလုပ်ရယူနိုင်ပါတယ်။
[Google Play Store နှင့် App Store အပါအဝင် အခြားမည်သည့်နေရာများတွင်မှ ဒေါင်းလုတ်လုပ်၍မရနိုင်ပါ]
- Android ဖုန်းများအတွက်
https://install.appcenter.ms/orgs/hockeyapp-z6mg/apps/Roadrunner/distribution_groups/All-users-of-Roadrunner

- iOS ဖုန်းများအတွက်
https://install.appcenter.ms/orgs/hockeyapp-z6mg/apps/Roadrunner-01/distribution_groups/All-users-of-Roadrunner




iOS ဖုန်းတွင် Roadrunner အက်ပ်ကို မည်သို့ထည့်သွင်း အသုံးပြုနိုင်ပါသလဲ?


iOS ဖုန်းတွင် Roadrunner အက်ပ်ကို ဒေါင်းလုတ်ပြုလုပ်ပြီး Install ပြုလုပ်ပြီးပါက -

  • ဖုန်း Setting -> General ထဲသို့ အရင်ဆုံးသွားရောက်ပါ။
  • ပြီးလျှင် ''Device Management'' ကိုနှိပ်ပါ။
  • ''Volo Logistics UG'' ကိုရွေးပြီး Trust ပြုလုပ်ပေးပါ။
Roadrunner အက်ပ်သို့ ပြန်လည်ဝင်ရောက်ပြီး User name နှင့် Password အား ရိုက်ဖြည့်ဝင်ရောက်နိုင်ပါပြီ!




Android ဖုန်းတွင် Roadrunner အက်ပ်ကို မည်သို့ထည့်သွင်း အသုံးပြုနိုင်ပါသလဲ?


Android ဖုန်းတွင် Roadrunner အက်ပ်ကို ဒေါင်းလော့ပြုလုပ်ပြီးပါက

  • Phone Setting သို့သွားရောက်ပါ။
  • ''Security or Privacy'' ထဲသို့ဝင်ရောက်ပြီး Unknown Sources မှာ ''Allow installation
    of applications from both trusted and unknown sources'' ကိုရွေးချယ်ပေးပါ။
  • ပြီးလျှင် အက်ပလီကေးရှင်းအား Install ပြုလုပ်ပြီး အသုံးပြုနိုင်ပါပြီ!